၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၁၀ မိနစ် ) လီဗာပူးကို အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ရန် လိုသေးကြောင်း ဆိုးလ်ရှားပြော


လီဗာပူးကို အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ဖို့ လိုအပ်နေသေးကြောင်း မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။
လီဗာပူးအသင်းဟာ မနေ့က ကစားခဲ့တဲ့ပွဲမှာ မန်ယူအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃၉ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်းခဲ့ပါတယ်။
လီဗာပူးအနေနဲ့ လက်ရှိအချိန်မှာ ပုံစံကောင်းရနေပေမယ့်လည်း ပွဲတွေ အများကြီး ကျန်ရှိနေသေးပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ဖို့ စောနေသေးကြောင်း ဆိုးလ်ရှားက သုံးသပ်ခဲ့တာပါ။
အမှန်တကယ် အကောင်းဆုံးအသင်းဟာ သူတို့ရဲ့ခြေစွမ်းကို ထပ်ကာထပ်ကာ သက်သေပြသနိုင်စွမ်းရှိပြီး နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းကသာ အကောင်ဆုံးအသင်း ဖြစ်တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။ 
ဒါပေမဲ့ နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးအသင်းမှာ တကယ့်ကို ခမ်းနားတဲ့အရာတွေ လုပ်ဆောင်နေတာကိုတော့ လက်ခံသဘောတူကြောင်း ဆိုးလ်ရှားက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Comments