Posts

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၁၀ မိနစ် ) လီဗာပူးကို အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ရန် လိုသေးကြောင်း ဆိုးလ်ရှားပြော

Image
လီဗာပူးကို အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ဖို့ လိုအပ်နေသေးကြောင်း မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ လီဗာပူးအသင်းဟာ မနေ့က ကစားခဲ့တဲ့ပွဲမှာ မန်ယူအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃၉ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်းခဲ့ပါတယ်။ လီဗာပူးအနေနဲ့ လက်ရှိအချိန်မှာ ပုံစံကောင်းရနေပေမယ့်လည်း ပွဲတွေ အများကြီး ကျန်ရှိနေသေးပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ဖို့ စောနေသေးကြောင်း ဆိုးလ်ရှားက သုံးသပ်ခဲ့တာပါ။ အမှန်တကယ် အကောင်းဆုံးအသင်းဟာ သူတို့ရဲ့ခြေစွမ်းကို ထပ်ကာထပ်ကာ သက်သေပြသနိုင်စွမ်းရှိပြီး နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းကသာ အကောင်ဆုံးအသင်း ဖြစ်တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။  ဒါပေမဲ့ နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးအသင်းမှာ တကယ့်ကို ခမ်းနားတဲ့အရာတွေ လုပ်ဆောင်နေတာကိုတော့ လက်ခံသဘောတူကြောင်း ဆိုးလ်ရှားက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၈ မိနစ် ) မက်ဆီ စံချိန် လိုက်မီရန် ရော်နယ်ဒို အခြေအနေကောင်းဟုဆို

Image
ဂျူဗင်တပ်စ်အသင်းအတွက် နောက်ဆုံး ၁၄ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုအတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲတော်တော်များများ ကစားရဖို့ ကျန်ရှိနေသေးတာကြောင့် မက်ဆီရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စံချိန်ကို လိုက်မီနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ ဥရောပမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။  အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ အခုနှစ် ဘောလုံးရာသီမှာ ဂိုးမြူးနေတယ်လို့ ဆိုနိုင်ပြီး မနှစ်က တရာသီလုံးပေါင်း သွင်းဂိုး ၂၁ ဂိုးထက်လည်း ကျော်လွန်ဖို့ နီးစပ်နေပါတယ်။  ၁၄ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူနိုင်တဲ့ ကစားသမားဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ရော်နယ်ဒိုအပြင် မရှိဘူးလို့ နာမည်ကြီး Goal.com ဖော်ပြထားပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ‌ဒဏ်ရာပြဿနာတွေ ရှိခဲ့လို့ ခြေစွမ်းပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိခဲ့ပြီး ဘလွန်ဒီအောဆုနဲ့လည်း လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

၁၄.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၃ မိနစ်) အခွင့်အရေးရလာရင်တော့ ကျွန်တော့်ဘက်က အပြည့်အဝ ဆုပ်ကိုင်သွားမှာပါ ဆိုတဲ့ အဘရာဟမ် ရဲ့စကား

Image
စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရရှိသွားမှုဟာ စပါးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်တော့ ထိုးနှက်ချက်မဟုတ်ခဲ့ပါဘူး။ ဘာြဖစ်လို့လဲဆိုတော့ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ကစားသမား ၅ ဦးမှာ အင်္ဂလန်တိုက်စစ်မှူး ၄ ဦး အထိ ပါဝင်နေတဲ့အတွက်ပါ။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြင်းထန်လှတဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဒီနှစ်ဘောလုံးရာသီအကုန် အထိ အနားယူရနိုင်သလို ယူရို ၂၀၂၀ ပြိုင်ပွဲကိုပါ လွဲချော်နိုင်ချေ ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကတော့ အရန်တိုက်စစ်မှူး အင်အားတောင့်တင်းနေတဲ့အတွက် ဟယ်ရီကိန်းရဲ့ ဒဏ်ရာကြောင့် စိုးရိမ်မှု မရှိဘူးလို့ သိရပါတယ်။ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်း ကနေ အနားယူသွားခဲ့တဲ့ လက်စတာတိုက်စစ်မှူး ဗာဒီက သွင်းဂိုး ၁၇ ဂိုးနဲ ဦးဆောင်လျက်ရှိပါတယ်။ ဗာဒီရဲ့ အနောက်မှာ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်စ်နဲ့ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့က သွင်းဂိုး ၁၄ ဂိုးနဲ့ အသီးသီး ရပ်တည်နေလျက်ရှိပါတယ်။ ချယ်လ်ဆီးတိုက်စစ်မှူး အဘရာဟမ်ကလည